အီဂျစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကစားနေတဲ့ ဆာလာရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး မစိုးရိမ်ကြဖို့ လီဗာပူးပရိသတ်တွေကို အီဂျစ်အသင်းမန်နေဂျာက ပြောသွားပါတယ်။
အီဂျစ်အသင်းဟာ နိုဝင်ဘာ ၁၉ ရက်က ဆီရီယာလီယွန်အသင်းနဲ့ အဝေးကွင်းပွဲကစားခဲ့ရပြီး ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ပရိသတ်တွေကွင်းထဲဝင်လာပြီး ဆာလာကို ပွေ့ဖက်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ လုံခြုံရေးအဖွဲ့တွေဘက်က အလျင်အမြန်တားဆီးခဲ့ရပြီး ပွဲအပြီးမှာလည်း ဆာလာကို အထူး လုံခြုံရေးပေးခဲ့ရပါတယ်။
အီဂျစ်အသင်းရဲ့ မန်နေဂျာ ဂိုရာဘာကတော့ ကွင်းထဲပြေးဝင်လာတဲ့ ပရိသတ်တွေဟာ ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ ဆာလာဆီပြေးလာခဲ့ကြတာဖြစ်လို့ လီဗာပူးပရိသတ်တွေအနေနဲ့ စိုးရိမ်မူရှိဖို့ မလိုအပ်ကြောင်း ပြောပါတယ်။
အီဂျစ်ပါဝင်တဲ့ အုပ်စုမှာ အသင်း ၆ သင်းပါဝင်တာကြောင့် ဆာလာအနေနဲ့ အဝေးကွင်းပွဲစဉ် ၅ ပွဲအထိ ကစားသွားရမှာဖြစ်ပါတယ်။
Photo-Reuters