ဂျပန်ကမ်းတက်တပ်ဖွဲ့က တပ်သားတွေဟာ ကုန်းရေနှစ်သွယ် ချေမှုန်းရေးယာဉ်တွေနဲ့ အရှေ့တရုတ်ပင်လယ် အစွန်းမှာရှိတဲ့ ကျွန်းတစ်ကျွန်းရဲ့ ကမ်းခြေကို နိုဝင်ဘာ ၁၉ ရက်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ဝင်တိုက်ခံရမှာကို စိုးရိမ်ရတဲ့နယ်မြေတွေမှာ ကျူးကျော်သူတွေကို ဖယ်ရှားဖို့ အသွင်ယူပြီး ဂျပန်အစိုးရက စစ်ရေးလေ့ကျင့်ခဲ့တာပါ။
ကာကွယ်ရေး ကြည်းတပ်က ကုန်းရေနှစ်သွယ် ချေမှုန်းရေးယာဉ်တွေဟာ ကမ်းလွန် ပင်လယ်ပြင်မှာ ကျောက်ချရပ်နားထားတဲ့ ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ ကမ်းလွန် ရေယာဉ် နှစ်စင်းကနေ လာခဲ့တာဖြစ်ပြီး နိုင်ငံအနောက်တောင်ပိုင်းက တိုခုနိုရှိမာ့ ကျွန်းပေါ် ဆင်းသက်ခဲ့ပါတယ်။
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ယိုရှိဟိဒဲယိုရှိဒါက “ကျနော်တို့နိုင်ငံကို တိုက်ခိုက်လို့ အရေးပေါ် အခြေအနေဖြစ်လာရင် အဲဒီအခြေအနေအောက်မှာ ပူးပေါင်း စစ်ဆင်ရေးတွေကို ထိန်းသိမ်းပြီး တိုးတက်အောင် လုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသဖို့ပါ”လို့ လေ့ကျင့်မှုအပြီးမှာ ပြောခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆတိုးပေးမယ်လို့ ကတိပြုပြီးတဲ့နောက် ဂျပန်မှာ စစ်ရေးလေ့ကျင့်မှု နယ်ပယ်နဲ့ အရှိန်အဟုန်ဟာ လာမယ့် ငါးနှစ်အတွင်း တိုးလာနိုင်တယ်လို့ ရိုက်တာ သတင်းဌာနက သုံးသပ် ထားပါတယ်။
Source/Photo-Reuters