Home
နိုင်ငံတကာ
နယူးဒေလီမြို့  လေထုညစ်ညမ်းမှု ပိုဆိုးလာဖွယ်ရှိနေ 
DVB
·
November 20, 2023
School girls and mules are seen crossing railway tracks on a smoggy morning in New Delhi

အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီက လေထုအရည်အသွေးဟာ နိုဝင်ဘာ ၁၉ ရက်မှာ နည်းနည်း တိုးတက်လာပေမဲ့ ညံ့ဖျင်းတဲ့အခြေအနေဆက်ရှိနေပြီး  လာမယ့်ရက်တွေအတွင်း လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာဖို့ရှိတယ်လို့ ကျွမ်းကျင်သူတစ်ဦးက သတိပေးပြောပါတယ်။

အိန္ဒိယနိုင်ငံ မြို့တော်ရဲ့ အနီးနားက လယ်ကွင်းတွေမှာ လောင်ကျွမ်းနေတဲ့ မီးခိုးတွေ လွှမ်းသွားလို့ နယူးဒေလီမှာ တနင်္ဂနွေနေ့မွန်းလွဲပိုင်းက လေထု အရည်အသွေး အညွှန်းကိန်း ၁၈၀ ရှိခဲ့တယ်လို့ ဆွစ်ဇာလန်အခြေစိုက် လေထုလေ့လာရေး အုပ်စု IQAir က ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ အခုသီတင်းပတ်အတွင်း ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှုအဆိုးဆုံးမြို့ တွေစာရင်းမှာ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

မော်တော်ယာဥ်တွေ၊ စက်မှုလုပ်ငန်းတွေ၊ ဆောက်လုပ်ရေး ဖုန်မှုန့်တွေနဲ့ စိုက်ပျိုးရေးအမှိုက် တွေကို မီးရှို့ဖျက်ဆီးတာအပါအဝင် လေထုညစ်ညမ်းစေတဲ့ ရင်းမြစ် အများကြီးကနေ ထွက်လာတဲ့ မီးခိုးတွေဟာ အေးနေတဲ့ လေထုထဲမှာ ပိတ်မိနေလို့ နိုင်ငံရဲ့ မြောက်ပိုင်းလွင်ပြင် တွေမှာ လေထုအရည်အသွေးဟာ ဆောင်းရာသီ တိုင်းမှာ ပိုဆိုးလာလေ့ ရှိပါတယ်။

Source/Photo-Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024