ရာသီအကုန်မှာ ဘာစီလိုနာအသင်းဆီပြန်ပြီး ကစားဖို့ဟာ အဓိကအချက်ဖြစ်ကြောင်း ဘရိုက်တန် တိုက်စစ်မှူး အန်းဆုဖာတီက ပြောပါတယ်။
အသက် ၂၁ နှစ်ရှိ စပိန်ကြယ်ပွင့်ဟာ ဘာစီလိုနာမှာပွဲထွက်ခွင့်ရဖို့ ခက်ခဲနေချိန်မှာ ဘရိုက်တန်အသင်း ဆီကို တရာသီအငှား စာချုပ်နဲ့ ပြောင်းရွှေ့ကစားနေတာပါ။
ဘရိုက်တန်နဲ့ စုစုပေါင်း ၁၃ ပွဲအပြီးမှာ ၄ ဂိုးသွင်းထားတာပါ။ နည်းပြဇာဗီနဲ့လည်း ဆက်ဆံရေး ကောင်းမွန်နေတာကြောင့် လာမယ့်ရာသီမှာ အသင်းနဲ့ပြန်လည်ပူးပေါင်းပြီး နူးကမ့်မှာပဲ ဆက်လက် တိုက်ပွဲဝင်ဖို့ အန်းဆုဖာတီက မျှော်မှန်းထားပါတယ်။
ဖာတီဟာ ၂၀၁၉ ခုနှစ်ကတည်းက အသင်းကြီးမှာ ပွဲထွက်ခွင့်ရခဲ့ပြီး စုစုပေါင်း ၁၁၂ ပွဲမှာ ၂၉ ဂိုးသွင်း ယူ နိုင်ခဲ့ပါတယ်။
Photo-Reuters