အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် ၁၀ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခံရမှုအတွက် ချက်ချင်းအယူခံတင်သွင်းမယ်လို့ သိရပါတယ်။
အဲဗာတန်အသင်းဟာ ၂၀၂၁-၂၀၂၂ ရာသီက ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့တာကြောင့် အရေးယူခဲ့တာဖြစ်ကြောင်း ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ရေးကော်မရှင်က ထုတ်ပြန် ပါတယ်။
အဲဗာတန်အသင်းဟာ သုံးနှစ်ကျော်ကာလအတွင်း ပေါင် ၃၇၂ သန်းနီးပါး အရှုံးပေါ်ခဲ့ပြီး သတ်မှတ်ချက်ထက် ပေါင်သန်း ၂၅၀ အထိ ကျော်လွန်ခဲ့ကြောင်း၊ အမြတ်ငွေနဲ့ ရေရှည်တည်တံ့တဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြောင်း ကော်မရှင်ဘက်က ထုတ်ပြန်ပါတယ်။
အရှုံးငွေပေါ်ခဲ့တာဟာ ကွင်းသစ်တည်ဆောက်ရေးစီမံကိန်းကြောင့်ဖြစ်ပြီး တခြားသော ဘောလုံးဖွံ့ဖြိုးရေးအတွက် ငွေကြေးသုံးစွဲမှုတွေဟာလည်း ခွင့်ပြုချက်ထဲကနေ သုံးစွဲခဲ့တာဖြစ်ကြောင်း အဲဗာတန်ဘက်က တုံ့ပြန်ထားပါတယ်။
လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ရမှတ် ၁၄ မှတ်ရရှိထားတဲ့ အဲဗာတန်အသင်းဟာ ၁၀ မှတ်လျှော့ပြစ်ဒဏ်ကြောင့် ရမှတ် ၄ မှတ်နဲ့ အဆင့် ၁၉ နေရာ အထိ ရောက်ရှိသွားခဲ့ပါတယ်။
Photo-Reuters