တရုတ်နိုင်ငံမြောက်ပိုင်းက ထိပ်တန်းကျောက်မီးသွေးထုတ်လုပ်ရာ ရှန်ရှီးပြည်နယ်မှာ ကျောက်မီးသွေးကုမ္ပဏီတခုရဲ့ ရုံးခန်းအဆောက်အအုံတခု မီးလောင်မှုကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး တခြားသူ ၃၈ ဦး ဆေးရုံတင်ထားရကြောင်း နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ရှန်ရှီးပြည်နယ် လူးလျန်မြို့ရှိ ယုံးဂျူ ကျောက်မီးသွေးစက်ရုံ ပူးတွဲအဆောက်အဦ ၄ ထပ်မှာ နိုဝင်ဘာ ၁၅ ရက် မနက် ၆ နာရီ ၅၀ မိနစ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး မီးသတ်ဌာန သို့မဟုတ် ရဲစခန်းမှ တရားဝင်ထုတ်ပြန်ချက် မရှိသေးပါဘူး။
Source/Photo-Reuters