လီဗာပူးအသင်းရဲ့ တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ဟာ ပြန်ပေးဆွဲခံခဲ့ရတဲ့ ဖခင်ဖြစ်သူနဲ့ ပထမဆုံးအကြိမ် ပြန်လည်ဆုံစည်းနိုင်ပြီလို့ နိုဝင်ဘာ ၁၄ ရက်မှာ ကိုလံဘီယာ ဘောလုံးအဖွဲ့ချုပ်က အတည်ပြုပါတယ်။
အသက် ၅၈ နှစ်အရွယ် လူးဝစ်မန်ဝဲလ်ဒီယက်ဇ်ကို လက်ဝဲဝါဒီဖြစ်တဲ့ အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ELN) က ဓားစာခံအဖြစ် ၁၂ ရက်ကြာ ဖမ်းဆီးခဲ့ပြီးနောက် ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
အောက်တိုဘာ ၂၈ ရက်က ဒီယက်ဇ်ရဲ့ ဖခင်ဖြစ်သူ နေထိုင်တဲ့ လာဂွါဟီရာပြည်နယ် မြောက်ပိုင်း၊ ဘာရန်းကတ်စ်ကျေးလက်မြို့ငယ်လေးမှာ တုန်လှုပ်ချောက်ချားဖွယ်ရာ ပြန်ပေးဆွဲမှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
နိုဝင်ဘာ ၁၂ ရက်တုန်းက ဘရန့်ဖို့ဒ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အထိ ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းမှာ ရှိနေခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ဘရာဇီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် အချိန်မတိုင်ခင် အတွင်း ဒီယက်ဇ်က ကိုလံဘီယာနိုင်ငံကို ပြန်သွားခဲ့ပါတယ်။
ကိုလံဘီယာ ဘောလုံးအဖွဲ့ချုပ်ကလည်း သားဖြစ်သူနဲ့ ဖခင်ဖြစ်သူတို့ ပြန်လည်တွေ့ဆုံခဲ့တဲ့ စိတ်ထိခိုက်ဖွယ်ရာ ဓာတ်ပုံတွေကို X လူမှုကွန်ရက်ပေါ်မှာ မျှဝေပေးခဲ့ပါတယ်။
ဒီယက်ဇ်ရဲ့ ဖခင်ဖြစ်သူကတော့ ခက်ခဲကြမ်းတမ်းတဲ့ ပြန်ပေးဆွဲမှုကို ကြုံတွေ့ခဲ့ရပေမဲ့လည်း ကိုလံဘီယာမှာသာ ဆက်ရှိနေလိုကြောင်း မှတ်ချက်ပေးပါတယ်။
Source/Photo-Reuters