ဂါဇာဆေးရုံမှာ ဓားစာခံတွေကို ချုပ်နှောင်ထားခဲ့တဲ့ အရိပ်အယောင်တွေ တွေ့ရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီး ဂါဇာရှိ ကလေးဆေးရုံရဲ့ မြေအောက်ခန်းမှာ ဟားမတ်စ်တွေ သိမ်းဆည်းထားတဲ့ လက်နက်တွေလို့ ဆိုထားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို အစ္စရေးစစ်တပ်က နိုဝင်ဘာ ၁၃ ရက်မှာ မျှဝေခဲ့ပါတယ်။
တပ်ဖွဲ့ဝင်တွေဟာ ကင်ဆာဝေဒနာရှင်တွေကို အထူးပြုကုသတဲ့ ကလေးအထူးကု ဆေးရုံဖြစ်တဲ့ ရန်တစ်စီဆေးရုံရဲ့ မြေအောက်ခန်းမှာ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေ သိမ်းဆည်းထားတဲ့ လက်ပစ်ဗုံးတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အပါအဝင် လက်နက်တွေ စုဆောင်းထားတဲ့ ကွပ်ကဲမှုစင်တာတခုကို တွေ့ရှိခဲ့ရတယ်လို့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီယယ် ဟာဂါရီက ပြောပါတယ်။
ဆေးရုံရဲ့ မြေအောက်ခန်းမှာ ဟားမတ်စ်တွေက ဓားစာခံတွေ ချုပ်နှောင်ထားတဲ့ အရိပ်အယောင်တွေကိုလည်း တွေ့ခဲ့တယ်လို့ ဟာဂါရီက ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး အဲ့ဒီပစ္စည်းတွေကို စစ်တပ်က စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။
ရိုက်တာသတင်းဌာနကတော့ အဲဒီဗီဒီယိုရိုက်ကူးတဲ့ ရက်စွဲနဲ့ တည်နေရာကို သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
Source/Photo-Reuters