Home
နိုင်ငံတကာ
အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအတွင်း မြန်မာပဋိပက္ခ ဆွေးနွေး
DVB
·
November 15, 2023
ASEAN defence meeting kicks off with Myanmar, Gaza taking centre stage

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေရဲ့ ဒေသတွင်းအစည်းအဝေးကို နိုဝင်ဘာ ၁၅ ရက်က အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာမှာ စတင်ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ အစ္စရေး-ဟားမတ်စ်စစ်ပွဲကို ဗဟိုပြုပြီး ဆွေးနွေးခဲ့ကြပါတယ်။

အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယံတိုက မြန်မာနိုင်ငံထဲက အကျပ်အတည်း အတွက် ရေရှည်ခံတဲ့အဖြေကို ရှာဖွေဖို့ အာဆီယံအဖွဲ့ဝင်တွေကို အဖွင့်မိန့်ခွန်းမှာ တိုက်တွန်းခဲ့ပါတယ်။

ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို ဆောင်ကြဉ်းဖို့ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အင်ဒိုနီးရှားနိုင်ငံက ဆက်ပံ့ပိုးကူညီသွားမယ်၊ သဟဇာတဖြစ်မှုနဲ့ ပြန်လည်သင့်မြတ်ရေးကို မြှင့်တင်မယ်၊ လက်ရှိအခြေအနေအတွက် ငြိမ်းချမ်းပြီး တာရှည်ခံတဲ့ အဖြေတခုရှာဖို့ မြန်မာနိုင်ငံကို ပံ့ပိုးကူညီဖို့ တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို အင်ဒိုနီးရှားက အားပေးပါတယ်လို့ ဆူဘီယံတိုက ပြောပါတယ်။

ပရာဘိုဝိုနဲ့အတူ မလေးရှားဝန်ကြီး ဟာဂျီ မိုဟာမက်ဘင် ဟာဂျီဟာဆန်တို့ကလည်း ဂါဇာမှာ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုခဲ့ပါတယ်။

ပရာဘိုဝိုဟာ နိုဝင်ဘာ ၁၆ ရက်မှာ ကျင်းပမယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ အမေရိကန်၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားလို မိတ်ဘက်နိုင်ငံတွေ တက်ရောက်မှာ ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024