Home
မြန်မာသတင်း
အိန္ဒိယဘက် ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ကို အိန္ဒိယစစ်တပ်က ရဟတ်ယာဉ်ဖြင့် ကယ်ထုတ်
DVB
·
November 15, 2023
India Army Save SAC RiKhawDar_15112023

အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် မြန်မာစစ်သား အယောက် ၄၀ ကျော်ကို နိုဝင်ဘာလ ၁၄ ရက်နေ့ ဒေသစံတော်ချိန် ၉ နာရီဝန်းကျင်မှာ အိန္ဒိယစစ်တပ်က ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့အခြေစိုက် တီယိုစစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်သား ၄၀ ကျော်ဟာ နိုဝင်ဘာလ ၁၃ ရက်က ချင်းကာကွယ်ရေးပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ပွားချိန်မှာ လက်နက်ချပြီး အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်က နယ်စပ်ရွာတရွာဖြစ်တဲ့ ဇိုခွါထာရ်ရွာဘက်ရှိ  အိန္ဒိယရဲစခန်းကို ထွက်ပြေးသွားတာ ဖြစ်ပါတယ်။ ဒီနောက် မီဇိုရမ်ပြည်နယ်၊ ကျင်ဖိုင်ခရိုင်၊ နှာ့လန်ကျေးရွာကနေ အိန္ဒိယစစ်တပ် ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်သားတွေကို အိန္ဒိယစစ်တပ်က လေယာဉ်နဲ့ ဒီမနက် လာခေါ်သွားတယ်၊ မြန်မာစစ်တပ်ကို ပြန်ပို့မလားတော့ မသိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းမှာ ရိဒ်ခေါဒါရ်မြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ဂိတ်စခန်းတွေကိုလည်း ထိန်းချုပ်လိုက်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024