Home
နိုင်ငံတကာ
ဘရာဇီး ဖိုက်ဘာဝါဂွမ်းချည်ထည် ဖက်ရှင် (ဓာတ်ပုံ) 
DVB
·
November 15, 2023
Sao Paulo Fashion Week in Brazil
Sao Paulo Fashion Week in Brazil
Sao Paulo Fashion Week in Brazil
Sao Paulo Fashion Week in Brazil
Sao Paulo Fashion Week in Brazil
Sao Paulo Fashion Week in Brazil
Sao Paulo Fashion Week in Brazil

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်မှာ ပြုလုပ်ခဲ့တဲ့ ဆော်ပေါ်လို ဖက်ရှင်လျှောက်လမ်းပေါ်ကို ထိုးဖောက်ရောက်ရှိလာခဲ့တာကတော့ ဘရာဇီးနိုင်ငံထွက် ဖိုက်ဘာဝါဂွမ်းချည်တွေပဲ ဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာတော့ ဘရာဇီး ဖိုက်ဘာဝါချည်သားတွေနဲ့ အထူးပြုလုပ်ထားတဲ့ Denim ၀တ်စုံ ၄၀ ကို ဝတ်ဆင်ထားတဲ့ မော်ဒယ်တွေက သရုပ်ပြခဲ့ကြတာကို တွေ့ရပါတယ်။

ဘရာဇီးဖက်ရှင်အိုင်ကွန်တယောက်ဖြစ်တဲ့ ပေါ်လို မာတီနက်ဇ်ကတော့ Denim အထည်တွေ ထုတ်လုပ်ရာမှာ ဘရာဇီးဝါချည်တွေက မရှိမဖြစ်လိုအပ်တယ်လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာန USDA ရဲ့ အချက်အလက်တွေအရ ဘရာဇီးနိုင်ငံဟာ ၂၀၂၃-၂၄ ခုနှစ် ဝါဂွမ်းစိုက်ပျိုးထုတ်လုပ်မှုမှာ အမေရိကန်နိုင်ငံကို ကျော်လွန်ပြီး တရုတ်နဲ့ အိန္ဒိယနောက် ကမ္ဘာ့တတိယအကြီးဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်လာတယ်လို့ ဆိုပါတယ်။

ဘရာဇီး ချည်ထည်ထုတ်လုပ်သူများအသင်း (Abrapa) ဥက္ကဋ္ဌ အလက်ဇန္ဒား ရှန်ကယ်လ် ကတော့ ထိပ်ဆုံးက ထွက်ပေါ်လာမယ့် ပြိုင်ဆိုင်မှုထက် ပိုအရေးကြီးတာက ဘရာဇီးနိုင်ငံရဲ့ ထုတ်ကုန်အရည်အသွေးကို စက်မှုလုပ်ငန်းနဲ့ စားသုံးသူတွေကို ပြသနိုင်ဖို့ပဲ ဖြစ်တယ်လို့ ပြောပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024