အင်္ဂလန်လက်ရွေးစင်အသင်းမှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အစား စတာလင်ကို အစားထိုး ရွေးချယ်သင့်ကြောင့် ကစားသမားဟောင်းဖြစ်သူ ခရစ်ဆက်တန်က အကြံပြုတိုက်တွန်းလိုက်ပါတယ်။
နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန် လက်ရွေးစင်လူစာရင်းမှာ ချဲလ်ဆီးနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ စတာလင်ကို ဆက်လက်ချန်လှပ်ခဲ့ပြီး မန်ယူအသင်းမှာ ခြေစွမ်းပျောက်ဆုံးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို ဆက်လက်ရွေးချယ်ခဲ့တာပါ။
ချဲလ်ဆီး၊ ဘလက်ဘန်းနဲ့ နောဝှစ်ချ်တိုက်စစ်မှူးဟောင်း ဘောလုံးသုံးသပ်သူ ခရစ်ဆက်တန်ကတော့ စတာလင်ကို ကျော်လွန်ပြီး ရက်ရှ်ဖို့ဒ်ကို ရွေးချယ်ခဲ့တာက ဘယ်လိုတိုင်းတာချက်နဲ့လဲဆိုတာ နားမလည်နိုင်ကြောင်း ဝေဖန်ပါတယ်။
ဆောက်ဂိတ်အနေနဲ့ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့တဲ့ စတာလင်ကို ဦးစားပေးရွေးချယ်သင့်ကြောင်း အီယန်လေဒီမန်းနဲ့ ပို့စ်ကတ်အစီအစဉ်မှာ ဆက်တန်က ပြောပါတယ်။
နည်းပြဆောက်ဂိတ်ကတော့ စတာလင်ကို ပြန်လည်ရွေးချယ်ဖို့ လမ်းဖွင့်ထားဆဲဖြစ်ကြောင်း ပြောထားပါတယ်။
Photo-Reuters