တောင်ပံကစားသမား ရာဟင်းစတာလင်ဟာ အာဆင်နယ်နဲ့အတူ သက်သေပြစရာတွေ လုပ်ဆောင် သွားဖို့ စိတ်ဆန္ဒပြင်းပြနေကြောင်း နည်းပြအာတီတာက ပြောသွားပါတယ်။
အသက် ၂၉ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းဟာ ချဲလ်ဆီးအသင်းရဲ့ ပွဲထွက် လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရတာကြောင့် နည်းပြ မာရက်စ်ကာနဲ့ အဆင်မပြေဖြစ်ခဲ့ပြီး အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။
စတာလင်ဟာ ပွဲချိန်တိုင်း ကစားချင်တဲ့ ကစားသမားတယောက်ဖြစ်ပြီး အသင်းနဲ့အတူ သက်သေပြစရာတွေ လုပ်ဆောင်ဖို့ စိတ်ဆန္ဒပြင်းပြနေကြောင်း နည်းပြအာတီတာက ချီးကျူးပါတယ်။
ပြီးခဲ့တဲ့အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ စတာလင်နဲ့ ၁၀ စက္ကန့်လောက် ဖုန်းပြောဆိုအပြီးမှာပဲ အသင်းဆီခေါ်ယူဖို့ ဆုံးဖြတ်ချက်ချခဲ့ကြောင်း နည်းပြအာတီတာက ပြောပါတယ်။
စတာလင်ရောက်ရှိလာတာက အသင်းကို ပိုကောင်းစေနိုင်ကြောင်းလည်း နည်းပြအာတီတာက ပြောသွားပါတယ်။
Photo-Reuters