အော်စကာဆုရ သရုပ်ဆောင်မင်းသားတယောက်ဖြစ်သလို အဆိုတော်တယောက်လည်း ဖြစ်တဲ့ ဂျာရက်ဒ်လက်တိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်က နယူးယောက်မြို့က နာမည်ကျော် အင်ပါယာစတိတ်အဆောက်အအုံပေါ်ကို ကြိုးနဲ့ စတန့်ထွင် တက်ရောက်ခဲ့ပါတယ်။
ဒါဟာ သူ့ရဲ့ အစ်ကိုဖြစ်သူ ရှန်နွန် လက်တိုနဲ့အတူ ဖွဲ့စည်းထားတဲ့ အမေရိကန်ရော့ခ်တေးဂီတအဖွဲ့ဖြစ်တဲ့ Thirty Seconds to Mars အဖွဲ့ရဲ့ နယ်လှည့်ဂီတ ဖျော်ဖြေပွဲအတွက် ကြေညာဖို့ လုပ်ဆောင်ခဲ့တာပါ။
ရုပ်သံဗွီဒီယိုထဲမှာတော့ အသက် ၅၁ နှစ်အရွယ် အဆိုတော် သရုပ်ဆောင်ဟာ လိမ္မော်ရောင် Jumpsuit ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ကြိုးတချောင်းနဲ့ သိုင်းကြိုးတပ်ဆင်ကာ အဆောက်အအုံအမြင့်ဆီ ရင်သပ်ရှုမော တက်ရောက်ခဲ့ပြီးနောက် သီချင်းသီဆိုခဲ့တာကို တွေ့ရပါတယ်။
Thirty Seconds to Mars အဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် နယ်လှည့်ဂီတ ဖျော်ဖြေပွဲကိုတော့ လာမယ့်နှစ် မတ် ၂၄ ရက်မှာ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရီးစ်မြို့မှာ စတင်သွားမယ်လို့ ဆိုပါတယ်။
Source/Photo-Reuters