Home
အားကစား
ဖရီးကစ် ကန်ချက်ကို မကာကွယ်ဘဲ ဂိုးထဲဝင်ခွင့်ပြုခဲ့သည့် ကိုရင်သီယန်ဂိုးသမား ချီးကျူးခံရ
DVB
·
November 15, 2023
goalkeeper Cassio_15112023

ဘရာဇီးကလပ် ကိုရင်သီယန်ဂိုးသမား ကတ်စီရိုဟာ ပြိုင်ဘက်ကစားသမားရဲ့ ဖရီးကစ်ကန်ချက်ကို မကာကွယ်ခဲ့ဘဲ ဂိုးထဲဝင်ခွင့်ပြုခဲ့တဲ့အပေါ် ချီးကျူးခံနေရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ယှဉ်ပြိုင်ခဲ့တဲ့ အက်သလက်တီကိုမင်နဲရိုးအသင်းနဲ့ပွဲစဉ်မှာ ပွဲချိန် ၇၅ မိနစ်အထိ တစ်ဖက်တစ်ဂိုးစီသရေ ကျနေချိန်မှာ မင်နဲရိုးအသင်းက ဖရီးကစ်ကန်သွင်းခွင့်ရခဲ့တာပါ။

အဲဒီဖရီးကစ်ဟာ တိုက်ရိုက်ကန်သွင်း ခွင့်မပြုတဲ့ ဖရီးကစ်ဖြစ်ပြီး ဂိုးထဲတိုက်ရိုက်ဝင်လာချိန်မှာ ဂိုးသမား ကတ်စီရိုက ကာကွယ်မှုမလုပ်တော့ဘဲ ဂိုးထဲ ဝင်ခွင့်ပြုခဲ့တာပါ။

ဂိုးဝင်သွားပေမဲ့ တိုက်ရိုက်ကန်သွင်းခွင့် မရှိတာကြောင့် သူ့ရဲ့ဆုံးဖြတ်ချက်က မှန်ကန်ခဲ့ပြီး အသင်းသားတွေနဲ့ နည်းပြရဲ့ ချီးကျူးမှုခံရပါတယ်။

တိုက်ရိုက်ကန်သွင်းခွင့်မရှိတဲ့ ဖရီးကစ်တွေမှာ ကစားသမားတစ်ယောက်ယောက်ကို ထိမှန်ပြီး ဂိုးဝင်ခဲ့မှသာ ဂိုးရရှိမှာဖြစ်ပြီး ဘယ်သူနဲ့မှ မထိခဲ့တာကြောင့် ကတ်စီယိုက ဂိုးထဲဝင်ခွင့်ပြုခဲ့တာပါ။

အသက် ၃၆ နှစ်ရှိ ဘရာဇီးဂိုးသမားဟာ ဟော်လန်ကလပ် ပီအက်စ်ဗွီမှာလည်း ကစားခဲ့ဖူးပြီး ဒက်ချ်လိဂ်ချန်ပီယံနဲ့ ရှုံးထွက်ဖလားတွေ ရယူနိုင်ခဲ့ဖူးပါတယ်။ 

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024