ကမ္ဘာတဝန်း ချို့တဲ့ဆင်းရဲတဲ့ ကလေးငယ်တွေအတွက် ရန်ပုံငွေရှာဖွေပွဲအဖြစ် အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ Baby2Baby Gala ပွဲကို နာမည်ကျော် ဟောလိဝုဒ် အနုပညာရှင်တွေ အများအပြား တက်ရောက်ခဲ့ကြပါတယ်။
ဒီပွဲကိုတော့ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့က အနောက်ဟောလိဝုဒ်မှာ နိုဝင်ဘာ ၁၁ ရက်က ကျင်းပခဲ့တာဖြစ်ပြီးတော့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး ဆယ်လ်မာ ဟေးယက်ခ်ကို Giving Tree Award ဆုချီးမြှင့်ခဲ့ပါတယ်။
ဒါဟာ လိုအပ်နေတဲ့ ချို့တဲ့ကလေးသူငယ်တွေကို အကူအညီ ပြန်လည်ပေးအပ်နိုင်တဲ့ ကတိကဝတ်ပြုမှု၊ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်မှုတွေအတွက် နှစ်စဉ် ရွေးချယ် ချီးမြှင့်တာ ဖြစ်ပါတယ်။
အရင်နှစ်ကတော့ ကင်မ်ကာဒက်ရှန်ကို ချီးမြှင့်ပေးအပ်ခဲ့တာဖြစ်ပြီး Giving Tree Award ဆုချီးမြှင့်ခံရသူတွေထဲမှာ ခရစ်ဆီ တီဂန်၊ ဗန်နက်ဆာ ဘရိုင်ယန့်ထ်၊ ကယ်ရီ ဝါရှင်တန်၊ ဂွင်းနက် ပါလ်ထရိုး၊ ဂျက်ဆီကာ အယ်လ်ဘာ၊ ဂျနီဖာ ဂါနာ၊ ဒရူး ဘယ်ရီမိုးစတဲ့ အကျော်အမော်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကတော့ Gala အနေနဲ့ စံချိန်တင်ဒေါ်လာ ၁၂ သန်းကျော် ရန်ပုံငွေ ရရှိခဲ့ပြီး ကပ်ရောဂါ ဂယက်ရိုက်ခတ်မှုတွေ၊ စံချိန်တင် ငွေကြေးဖောင်းပွမှုတွေနဲ့အတူ သဘာဝဘေးအန္တရာယ်တွေကြောင့် ထိခိုက်ပျက်စီးခဲ့ကြရတဲ့ မိသားစုတွေက ချို့တဲ့ကလေးသူငယ် ၁ သန်းကျော်အထိ ရောက်ရှိစေနိုင်ခဲ့တယ်လို့ သိရပါတယ်။
Source/Photo - Reuters