စပိန်ဆိုရှယ်လစ်ပါတီက ကာတာလိုးနီးယား လွတ်လပ်ရေးကြိုးပမ်းမှုမှာ ပါဝင်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဥပဒေပြုရေး အဆိုပြုချက်ကို လွှတ်တော်ထဲမှာ နိုဝင်ဘာ ၁၃ ရက်က တင်သွင်းခဲ့ပါတယ်။
ဒီအကွက်ရွှေ့မှုဟာ လက်ဝဲအစိုးရအသစ်အတွက် ကာတာလန်ခွဲထွက်ရေးသမားတွေရဲ့ ထောက်ခံမှုကို ရဖို့ အဓိကအခြေအနေတရပ်ပါ။
ဒီဥပဒေဟာ ဒဏ်ရာတွေကို ကုစားဖို့ ရည်ရွယ်ပြီး ကာတာလိုးနီးယားမှာ အခင်းအကျင်း အသစ်ဖွင့်လှစ်ဖို့ ရည်ရွယ်တယ်လို့ စပိန်နိုင်ငံရဲ့ လွှတ်တော် ဆက်ဆံရေးဝန်ကြီး ဖီးလစ်ခ်စ် ဘိုလားနို့စ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ကြာသပတေးနေ့မှာ လွှတ်တော်အတွင်း အယုံအကြည်ရှိမရှိ မဲခွဲရာမှာ နောက်ထပ်သက်တမ်းတခု ထပ်ရဖို့ ကြိုးစားမယ့် ဆိုရှယ်လစ်ပါတီရဲ့ ယာယီဝန်ကြီးချုပ် ပေဒရို ဆန်ချက်ဇ်က စီစဉ်ထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေနဲ့ လဲလှယ်ပြီး အဖွဲ့ဝင် ၃၅၀ ပါတဲ့ စည်းဝေးပွဲမှာ ပွတ်ကာသီကာ မဲအသာနဲ့ သက်တမ်းအသစ်တခု အနိုင်ရဖို့ စိတ်ချရသလောက် ရှိတယ်လို့ ရိုက်တာသတင်းဌာနက ခန့်မှန်း သုံးသပ်ထားပါတယ်။
Source/Photo-Reuters