စပိန်ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်ဟာ အီတလီစီးရီးဘီကလပ် ကိုမိုအသင်းရဲ့ ယာယီ နည်းပြချုပ် အဖြစ်ခန့်အပ်ခံရပါတယ်။
အသက် ၃၆ နှစ်ရှိ အာဆင်နယ်၊ ဘာစီလိုနာနဲ့ ချဲလ်ဆီးကစားသမားဟောင်းဟာ မနှစ်ကရာသီမှာ ကိုမိုအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ၁၇ ပွဲကစားပေးခဲ့ပါတယ်။
ဖာဘရီဂတ်စ်အတွက် နည်းပြချုပ်ရာထူးကို ပထမဆုံးအကြိမ် တာဝန်ယူခွင့်ရတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပိုမိုစိတ်လှုပ်ရှားစရာကောင်းပြီး ဖျော်ဖြေမှုပေးနိုင်တဲ့ ကစားပုံကို ပြသနိုင်ဖို့အတွက် နည်းပြအပြောင်းအလုပ်ခဲ့တာဖြစ်ပြီး အမြဲတမ်းနည်းပြခန့်အပ်မှုကိုတော့ ဆက်လက်ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း ကိုမိုအသင်းက သတင်းထုတ်ပြန်ပါတယ်။
ကိုမိုဟာ စီးရီးဘီ ပထမဆုံး ၁၂ ပွဲကစားအပြီးမှာ ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
Photo-Reuters