အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စောင့်ကြည့်ချင်စရာအကောင်းဆုံး အသင်းသုံးသင်းကို စပိန်ကွင်းလယ်က စားသမားဟောင်း ဖာဘရီဂတ်စ်က ပြောပြသွားပါတယ်။
အာဆင်နယ်၊ ဘာစီလိုနာနဲ့ ချဲလ်ဆီးကစားသမားဟောင်းဟာ လက်ရှိအချိန်မှာ အီတလီဒုတိယ တန်းကလပ် ကိုမိုလူငယ်အသင်းကို နည်းပြအဖြစ်တာဝန်ယူနေပြီး အသင်းရဲ့ ရှယ်ယာရှင်တစ်ဦး လည်းဖြစ်ပါတယ်။
အီတလီမှာရောက် နေပေမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို စောင့်ကြည့်နေသူဖြစ်ပြီး သူအနှစ်သက်ဆုံးအသင်းသုံးသင်း အကြောင်းကို Mirror နဲ့ အင်တာဗျူးမှာပြောပါတယ်။
အဲဒီသုံးသင်းထဲမှာ မန်စီးတီးနဲ့ အာဆင်နယ် အသင်းတွေပါဝင်ပြီး အီတလီနည်းပြ ဒီဇာဘီရဲ့ ဘရိုက်တန်အသင်းကိုလည်း ဖာဘရီဂတ်စ်က ချီးကျူးခဲ့တာပါ။
ဘရိုက်တန်ကစားသမားတွေဟာ ဘောလုံးအကြောင်းကို ကောင်းမွန်စွာသိရှိတာကြောင့် နားလည်မှုရှိရှိနဲ့ ကစားနိုင်ပြီး သူတို့ရဲ့ လျင်မြန်ပြီးထက်မြက်တဲ့ကစားဟန်ဟာ တချိန်က နည်းပြ အာဆင်ဝင်းဂါးလက်အောက်က အာဆင်နယ်အသင်းကို ပြန်ပြောင်းအမှတ်ရစေတယ်လို့လည်း ဖာဘရီဂတ်စ်ကပြောပါတယ်။
အသင်းဟောင်းအာဆင်နယ်မှာတော့ နောက်ခံလူ ဆာလီဘာက အရေးပါနေပြီး သူမပါနိုင်ချိန်မှာ မနှစ်ကလို ခက်ခဲနိုင်ကြောင်း ဖာဘရီဂတ်စ်ကပြောသွားပါတယ်။
Photo-Reuters