ပရီးမီးယားလိဂ်သမိုင်းတလျှောက် အကောင်းဆုံး ဗဟိုခံစစ်အတွဲကို အင်္ဂလန်နဲ့ လီဗာပူးခံစစ်မှူး ဟောင်း ကာရေဂါက ရွေးချယ်သုံးသပ်သွားပါတယ်။
သမိုင်းတလျှောက် အကောင်းဆုံး ဗဟိုခံစစ်မှူးအတွဲကို ကာရေဂါက တယ်လီဂရပ်ဖ်သတင်းစာမှာ ရေးသားခဲ့တာပါ။
ချဲလ်ဆီးအသင်းရဲ့ ဗဟိုခံစစ်မှူးအတွဲဖြစ်တဲ့ ဂျွန်တယ်ရီနဲ့ ကာဗယ်ဟိုတို့အတွဲက ပရီးမီးယားလိဂ် သမိုင်းမှာ ကြီးကျယ်ခမ်းနားတဲ့အတွဲအဖက်ဖြစ်တယ်လို့ ကာရေဂါက ပြောပါတယ်။
သူတို့နှစ်ယောက်ဟာ ၂၀၀၄-၂၀၀၅ ဘောလုံးရာသီက ပွဲစဉ် ၃၈ ပွဲအပြီးမှာ ၁၅ ဂိုးအထိသာ ဂိုးပေး ခဲ့ရတာပါ။
သူတို့ အတွဲပြီးရင်တော့ မန်ယူအသင်းရဲ့ ဖာဒီနန်နဲ့ ဗီဒစ်အတွဲက ဒုတိယမြောက် အကောင်းဆုံး ဗဟိုခံစစ်အတွဲဖြစ်တယ်လို့ ကာရေဂါက ပြောပါတယ်။
လက်ရှိ အာဆင်နယ်အသင်းရဲ့ ဗဟိုခံစစ်မှူးအတွဲအဖက်ဟာလည်း တယောက်ကိုတယောက် ကူညီ ဖေးမ နိုင်စွမ်းရှိပြီး ဆုဖလား တခုခု ရယူနိုင်မယ်ဆိုရင် အကောင်းဆုံးခံစစ်မှူးအတွဲအဖြစ် သတ်မှတ်သွား ရမယ်လို့ ကာရေဂါက ပြောပါတယ်။
Photo-Reuters