အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှာ ချဲလ်ဆီးက ပါလ်မာ၊ ဗီလာက ခွန်ဆာနဲ့ မန်စီးတီးက ရီကိုလူးဝစ်တို့ ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရပါတယ်။
အင်္ဂလန်အသင်းဟာ လာမယ့် နိုင်ငံတကာ ရက်သတ္တပတ်မှာ ယူရို ၂၀၂၄ ခြေစစ်ပွဲလက်ကျန်ပွဲစဉ်တွေအနေနဲ့ မော်တာ၊ မြောက်မက်ဆီဒိုးနီးယားအသင်းတွေနဲ့ ကစားသွားရမှာပါ။
အဲဒီပွဲစဉ်နှစ်ပွဲအတွက် ချဲလ်ဆီးမှာခြေစွမ်းပြနေတဲ့ အင်္ဂလန် ယူ-၂၁ ကစားသမား ပါလ်မာနဲ့အတူ ဗီလာနောက်ခံလူ ခွန်ဆာ၊ စီးတီးကွင်းလယ်လူ လူးဝစ်တို့ကို ပထမဆုံးအကြိမ်ခေါ်ယူခဲ့တာပါ။
အင်္ဂလန်အသင်းမှာ ဂျိမ်းစ်မက်ဒီဆန်၊ ဝီလ်ဆင်နဲ့ လူးဝစ်ဒန့်ခ်တို့ ကတော့ ဒဏ်ရာပြဿနာတွေကြောင့် လူစာရင်းကနေ နုတ်ထွက်ခဲ့ရပါတယ်။
ဒါ့အပြင် ဒဏ်ရာရရှိ နေတဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဘယ်လင်ဂမ်လည်း ပါဝင်ဖို့ မသေချာတော့ဘူးလို့သိရပါတယ်။
Photo-Reuters