မက္ကဆီကိုမှာကျင်းပတဲ့ လိင်တူချစ်သူများ အားကစားပြိုင်ပွဲဟာ သက်တံရောင်အလံတွေ ဝှေ့ရမ်းနေတဲ့ ဂွါဒါလာဂျာရာရဲ့ ၁၀ ကီလိုမီတာ အပြေးပြိုင်ပွဲနဲ့အတူ နိုဝင်ဘာ ၁၀ ရက်က ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
အားကစားပြိုင်ပွဲမှာ LGBTIQ+ အားလုံးပါဝင်နိုင်မှုနဲ့ တန်းတူညီမျှမှုကို ဖော်ဆောင်ခဲ့တဲ့ ဒီပြိုင်ပွဲတွေကို ၈ ရက်ကြာ ကျင်းပခဲ့ကြတာပါ။
၁၁ ကြိမ်မြောက် ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ မတူကွဲပြားတဲ့ ပြိုင်ပွဲတွေနဲ့အတူ အပြေးသမား ၃၀၀ နီးပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ဒီနှစ်မှာ မက္ကဆီကိုနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့လည်းဖြစ်တဲ့ ဂျာလစ်ကိုပြည်နယ်ထဲက ဂွါဒါလာဂျာရာမှာ ကျင်းပခဲ့တာဖြစ်ပြီး ဟောင်ကောင်နဲ့အတူ ပထမဆုံးအကြိမ် ပူးတွဲ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
နိုဝင်ဘာ ၃ ရက်ကစပြီး နိုင်ငံအသီးသီးက အားကစားသမား ၃,၀၀၀ လောက်ဟာ မက္ကဆီကိုမြို့ကို လာရောက်ခဲ့ကြပြီး အားကစားပြိုင်ပွဲ ၂၂ မျိုးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ ဒီပြိုင်ပွဲရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြိုင်ပွဲမှာ LGBTIQ+ အသိုက်အဝန်းကမဟုတ်တဲ့ အားကစားသမားတွေလည်း ပါဝင်နိုင်ပါတယ်။ ပိတ်ပွဲအခမ်းအနားကိုတော့ နိုဝင်ဘာလ ၁၁ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Photo-Reuters