ယူကရိန်းနိုင်ငံ၊ ခါခိဗ်ဒေသရှိ ယူကရိန်းနယ်ခြားစောင့်တပ်တွေက ရုရှားနယ်စပ်နားက တိုပိုလီရွာကို ပြန်လည်သိမ်းပိုက်ပြီး အပြာရောင်နဲ့ အဝါရောင်ပါတဲ့ ယူကရိန်းအလံကို လွှင့်ထူ လိုက်ပါတယ်။
ရန်သူဟာ ဒီဧရိယာမှာ ချေမှုန်းခံခဲ့ရပြီး အခြေချနေထိုင်ရာ ရပ်ရွာဟာ ရုရှားနယ်စပ်နဲ့ ရှေ့တန်းနားမှာ ရှိနေတယ်လို့ ယူကရိန်းနယ်ခြားစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အန်ဒရီ ဒမ်ချန်ကိုက နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ နိုဝင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်က ယူကရိန်းတပ်ဖွဲ့တွေဟာ နိုင်ငံအရှေ့မြောက်ဘက်က နယ်မြေအများအပြားကို ပြန်သိမ်းနိုင်အောင် လျှပ်စီးလက်သလို မြန်မြန် တွန်းအားပေးလုပ်ဆောင်ခဲ့တာပါ။ ဇွန်လက စပြီး ယူကရိန်းနိုင်ငံ အရှေ့ဘက်နဲ့ တောင်ဘက်တို့မှာ တန်ပြန်ထိုးစစ်တွေ လုပ်ဆောင် နေပါတယ်။
Source/Photo-Reuters