ဂျော်ဒန်လေတပ်ဟာ ဂါဇာကမ်းမြောင်က ဂျော်ဒန်လေဟာပြင်ဆေးရုံဆီ အရေးပေါ်ဆေးဘက်ဆိုင်ရာ အကူအညီတွေကို ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ ၁၁ ရက်က ပေးပို့ခဲ့တယ်လို့ ဂျော်ဒန်စစ်တပ်က ပြောပါတယ်။
အကူအညီတွေပေးဖို့ အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနဲ့ ကာတာနိုင်ငံတို့နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၇ ရက်က စပြီး အစ္စရေးက ဂါဇာကို လေကြောင်းနဲ့ အမြောက်တွေနဲ့ တိုက်ခိုက်ခဲ့လို့ ဂါဇာမှာ နေထိုင်သူ ၁၁,၀၇၈ ဦး သေဆုံးခဲ့ပြီး သေဆုံးသူ ၄၀ ရာခိုင်နှုန်းက ကလေးငယ်တွေလို့ ပါလက်စတိုင်းအရာရှိတွေက နိုဝင်ဘာ ၁၀ ရက်မှာ ပြောခဲ့ပါတယ်။.
Source/Photo-Reuters