အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒြာမိုဒီဟာ ဟိမချယ်ပရာဒေ့ရှ်ပြည်နယ် လက်ပ်ချာရွာဆီ နိုဝင်ဘာ ၁၂ ရက်မှာ ရောက်လာပြီး တရုတ်နယ်စပ်အနားမှာ စခန်းချထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ ဒီပါဝလီ မီးထွန်းပွဲတော်ကို ဂုဏ်ပြုဆင်နွှဲခဲ့ပါတယ်။
စစ်၀တ်စုံ ဝတ်ထားတဲ့ မိုဒီက အိန္ဒိယစစ်တပ်နဲ့ အင်ဒို-တိဘက်နယ်စပ် ရဲတပ်ဖွဲ့တို့က ရဲဘော်တွေနဲ့ အပြန်အလှန် စကားပြောခဲ့ပြီး ဒီပါဝလီ အထိမ်းအမှတ်အဖြစ် မုန့်အချိုတွေ ကျွေးခဲ့ပါတယ်။
လုံခြုံရေးဝန်ထမ်းတွေကို မိန့်ခွန်း ပြောရာမှာ မိုဒီက ကျနော်ရဲ့ ပွဲတော်က မင်းရှိရာအရပ်မှာပါလို့ မိန့်ခွန်း တခုမှာ ပြောခဲ့ပါတယ်။
မိုဒီဟာ ၂၀၁၄ ခုနှစ်မှာ အာဏာရလာကတည်းက တပ်မတော်သားတွေနဲ့အတူ ဒီပါဝလီပွဲတော်ကို ဆင်နွှဲခဲ့တာပါ။
အခုနှစ်မှာ မိုဒီဟာ လက်ပ်ချာရွာဆီ သွားခဲ့ပြီး အိန္ဒိယစစ်တပ်နဲ့ အင်ဒို-တိဘက် နယ်စပ်ရဲ တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
Source/Photo-Reuters