စစ်ကောင်စီအနေနဲ့ လတ်တလောမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ မြို့နယ် ၈ မြို့နယ်ကို ဒီနေ့ နိုဝင်ဘာ ၁၂ ရက်နေ့က စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ဒီဒေသတွေရှိ တိုင်းမှူးနဲ့ ဒေသကွပ်ကဲရေးမှူးတွေဟာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ နယ်မြေတွေအတွင်းကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးတို့ ဆောင်ရွက်နိုင်ဖို့ စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်ပြီး စစ်အုပ်ချုပ်ရေးဒေသအတွင်းရှိ ဒေသအာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်မှာလည်း လုပ်ငန်းတာဝန်တွေကို တိုင်းမှူးနဲ့ ဒေ သကွပ်ကဲရေးတို့ရဲ့ ကွပ်ကဲမှုအရ ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တိုင်းမှူးနဲ့ ဒေသကွပ်ကဲရေးမှူးတွေဟာ စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေတွေ သတ်မှတ်ပြီး စစ်နယ်မြေမှူးတွေကိုလည်း စစ်ကောင်စီဥက္ကဋ္ဌရဲ့ သဘောတူညီချက်နဲ့ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ပြီး ခန့်ထားနိုင်သလို လုပ်ငန်းတွေဆောင်ရွက်တာမှာ အထောက်အကူဖြစ်စေဖို့ စစ်အုပ်ချုပ်ရေးအကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းနိုင်တယ်လို့ ဆိုပါ တယ်။
တိုင်းမှူးနဲ့ ဒေသကွပ်ကဲရေးမှူးတို့အနေနဲ့ စစ်အုပ်ချုပ်ရေးဒေသအတွင်း ကိုယ်တိုင်ဖြစ်စေ၊ စစ်နယ်မြေမှူးတွေနဲ့ဖြစ်စေ၊ တာဝန်လွှဲအပ်ထားတဲ့ ပုဂ္ဂိုလ်တဦးဦး သို့မဟုတ် အဖွဲ့နဲ့ဖြစ်စေ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို ဖွဲ့စည်းထားတဲ့ တရားရုံးတွေ၊ စစ်ခုံရုံးတွေမှာ စစ်ဆေးစီရင်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။