ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ သုမိတ္တာ ၂၂လမ်းမှာ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက ရွှေဆိုင်သိမ်းပြီးပြန်လာတဲ့ အမျိုးသမီးတယောက်ကို သေနတ်နဲ့ပစ်ပြီး ရွှေထည် ပစ္စည်းတွေ ဓားပြတိုက် လုယက်ခံခဲ့ရတယ်လို့ ရပ်ကွက်နေ
အိမ်နီးချင်းတွေဆီက သိရပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိ မအေးသဇင်နွယ်ဟာ မြောက်ဥက္ကလာပမြို့နယ်၊"စျ" စျေးထဲမှာ ခန့်မြတ်ချယ် စိန်ရွှေရတနာ
ရောင်းဝယ်ရေးဆိုင်ဖွင့်လှစ်ထားပြီး မနေ့က ညနေ ၆ နာရီခွဲဝန်းကျင်မှာ ဆိုင်သိမ်းပြီးသုမိတ္တာ ၂၂ လမ်းက နေအိမ်ကို ပြန်လာနေတုန်း လုယက်ခံလိုက်ရတာလို့ လမ်းအတွင်းနေထိုင်သူတယောက်ကပြောပါတယ်။
“မနေ့က ညနေ ၆ နာရီခွဲလောက်က ကောင်မလေးက ‘ဓားပြ ဓားပြ’ လို့အော်သံကြားပြီး သေနတ်သံကြားရတာပါ။ အိမ်ထဲကတော့ လူ ၃ ယောက်ထွက်လာပြီး အိမ်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ် ၂ စီးနဲ့ မောင်းထွက်သွားတယ်” လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာကြောင့် မအေးသဇင်နွယ်ရဲ့ဝဲလက်မောင်း ကျည်ဖောက်ဝင် ဒဏ်ရာရခဲ့ကြောင်းနဲ့ လုယူထွက်ပြေးသွားတဲ့ ရွှေထည်ပစ္စည်းအိတ်ထဲကစိန်ရွှေပစ္စည်း ခန့်မှန်းကာလတန်ဖိုးဟာ ကျပ် သိန်း ၁ သောင်းဝန်းကျင်ရှိတယ်လို့လည်းသိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်မှာ ရန်ကုန်၊ ကြည့်မြင်တိုင်ညစျေးက ဆိုင်သိမ်းပြီးအိမ်ပြန်လာတဲ့ ရွှေဆိုင်ပိုင်ရှင်တယောက်ကို လူတစုက ရိုက်နှက်ပြီး ကားနဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အမြန်လမ်းပေါ်မှာ အလောင်းကို စွန့်ပစ်ခဲ့တယ်လို့ သိရပါတယ်။