တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အလွန်စိုးရိမ်ပူပန်ပြီး၊ တရုတ်နိုင်ငံ လုံခြုံရေးအတွက် အာရုံစိုက်ဆောင်ရွက်ကြဖို့နဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံကြားက ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူဝမ်ဝင်ဘင်က တိုက်တွန်းပြောလိုက်ပါတယ်။
နိုဝင်ဘာ ၁၀ ရက်က ပြုလုပ်တဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့မေးမြန်းတာကို သူက ပြန်လည်ဖြေကြားခဲ့တာပါ။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေး အခြေအနေတွေကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေပြီး၊ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အဖွဲ့အစည်းအာလုံးကို အပစ်ရပ်ဖို့ကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို လာရောက်ပြီး ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းကနေ တရုတ်နိုင်ငံယူနန်ပြည်နယ်အထိ ဆက်သွယ်ထားတဲ့ ၇၉၃ ကီလိုမီတာ အရှည်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါသေးတယ်။
Photo Credit- FMPRC