စပိန်နိုင်ငံ ကနေရီကျွန်းစုတွေထဲက အယ်လ်ဟီယာရိုကျွန်းကို ရွှေ့ပြောင်းနေထိုင်သူ ၈၁ ဦး လိုက်ပါလာတဲ့ လှေတစင်း နိုဝင်ဘာ ၉ ရက်က ရောက်ရှိလာခဲ့ပြီး သူတို့ထဲမှာ သေဆုံးနေသူတဦးနဲ့ ဆေးဝါးအကူအညီ လိုအပ်နေတဲ့ တခြားသူတွေ ပါဝင်နေတယ်လို့ ဒေသဆိုင်ရာ အရေးပေါ် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
လာရက်စ်တင်ဂါ ဆိပ်ကမ်းရှိ ကြက်ခြေနီအဖွဲ့ တည်ထောင်ထားတဲ့ ယာယီဆေးရုံမှာ ရွှေ့ပြောင်းနေထိုင်သူ ၅ ဦးထက်မနည်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေကြောင်း အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က ပြောကြားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မပြောပါဘူး။
လတ်တလောရက်တွေမှာ ရောက်ရှိလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတချို့ဟာ အပူလွန်ကဲခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်းတို့ကို ခံစားနေကြရပါတယ်။
အမျိုးသားရဲတပ်ဖွဲ့ဝင်တွေက မနေ့က သူတို့ဝင်ရောက်လာမှုကို စာရင်းသွင်းဖို့ သင်္ဘောကျင်းမှာ စောင့်ဆိုင်းနေချိန် ကြက်ခြေနီအသင်းက ရွှေ့ပြောင်းနေထိုင်သူတွေကို စောင်အနီတွေ ပံ့ပိုးပေးခဲ့ပါတယ်။
လူဦးရေ ၄၀၀ လောက်ရှိပြီး နာမည်ကျော် ခရီးသွားနေရာဖြစ်တဲ့ လာရက်စ်တင်ဂါမြို့ဟာ မကြာသေးတဲ့လတွေအတွင်း အနောက်အာဖရိကမှ ဥရောပကို ရောက်ရှိလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် အားထားရာ ဖြစ်လာပါတယ်။
ကနေရီကျွန်းစုရဲ့ အတ္တလန္တိတ်ကျွန်းစုရှိ အသေးငယ်ဆုံးနဲ့ နောက်ဘက်အကျဆုံးဖြစ်တဲ့ အယ်လ်ဟီယာရိုကျွန်းရဲ့ တောင်ဘက်မှာရှိတဲ့ လာရက်စ်တင်ဂါမြို့ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်တခုတည်းမှာပဲ ရွှေ့ပြောင်းနေထိုင်သူ ၈၅၅ ဦး ရောက်ရှိလာခဲ့ကြပါတယ်။
Source/Photo-Reuters