လီဗာပူးတိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်ရဲ့ ဖခင်ဖြစ်သူဟာ ပြန်ပေးဆွဲခံရပြီး ၁၂ ရက် အကြာမှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ဒီယက်ဇ်ရဲ့ဖခင် မန်နူရယ်ဒီယက်ဇ်ကို ကိုလံဘီယာနိုင်ငံက အကြမ်းဖက်အဖွဲ့သတ်မှတ်ထားတဲ့ ELN အဖွဲ့က ပြန်ပေးဆွဲခဲ့တာဖြစ်ပြီး ၁၂ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တာပါ။
မန်နူရယ်ဒီယက်ဇ်ကို ကတ်သလစ်ဘုရားကျောင်းနဲ့ ကုလသမဂ္ဂအဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ လူသာချင်းစာနာမူကော်မရှင်က သွားရောက်ခေါ်ဆောင်ခဲ့တာပါ။
ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်လာခဲ့ပြီးနောက် ကိုလံဘီယာ-ဗင်နီဇွဲလားနယ်စပ်နဲ့အနီးစပ်ဆုံးမြို့မှာ စစ်ဆေးမှုတွေလုပ် ဆောင်ပေးခဲ့ပါတယ်။
အသက် ၅၈ နှစ်ရှိ ဒီယက်ဇ်ရဲ့ဖခင်ဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၂၈ ရက်က ပြန်ပေး ဆွဲခံခဲ့ရတာဖြစ်ပြီး ကနဦးမှာ ဒီယက်ဇ်ရဲ့ မိခင်လည်းပါဝင်ခဲ့ပေမဲ့ သိပ်မကြာခင် ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
Photo-Reuters