တောင်ကိုရီးယားနဲ့ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်အပေါ် လူမျိုးရေးခွဲခြား လှောင်ပြောင်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့ ပရိသတ်တစ်ဦးကို သုံးနှစ်ဘောလုံးကွင်းထဲမှာ ပွဲကြည့်ခွင့် ပိတ်ပင်လိုက်ပါတယ်။
ရောလတ်ဂါလန်းလို့ အမည်ရတဲ့ အသက် ၄၄ နှစ်အရွယ် ပဲလေ့ပရိသတ်ဟာ ပြီးခဲ့တဲ့ မေလ ၆ ရက်က စပါးအသင်းက အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိနေချိန် ပွဲချိန် ၈၉ မိနစ်မှာ ဆွန်ဟောင်မင်ကို လူစားလဲချိန်မှာ ဂရင်းလန်းက လူမျိုးရေးခွဲခြားတဲ့ အပြောအဆိုနဲ့ လှောင်ပြောင် နှောင့်ယှက်ခဲ့တာပါ။
သူဟာ လုပ်အားခမရဘဲ နာရီ ၆၀ ကြာ အလုပ်လုပ်ရတဲ့ ပြစ်ဒဏ်ချမှတ်ခံရသလို ငွေဒဏ် ၁၃၈၄ ပေါင်လည်း ဒဏ်ရိုက်ခံရပါတယ်။
ပူးပေါင်းလုပ်ဆောင်ပြီး အရေးယူခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်း စပါးအသင်းရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီအရေးယူမူဟာ ဘောလုံးမှာ အမုန်းတရား ရာဇဝတ်မှုတွေကို သည်းခံမှာမဟုတ်ဘူးဆိုတာ ပြသခဲ့တာဖြစ်ကြောင်း တရားရေးရာကျွမ်းကျင်သူတွေက မှတ်ချက်ပေးကြပါတယ်။
Photo-Reuters