တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလောင်ကျန်းပြည်နယ်က မြို့အတော်များများမှာ ရာသီချိန်မဟုတ်ဘဲ ရာသီဥတုအေးလာပြီး လတ်တလောရက်တွေမှာ နှင်းမုန်တိုင်းတွေ ကျဆင်းခဲ့လို့ ဒေသခံတွေ သန့်ရှင်းရေးလုပ်နေရတယ်လို့ အစိုးရမီဒီယာ CCTV က နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဟေလောင်ကျန်းပြည်နယ် ရှောင်းရန်ရှန်းမြို့မှာ ဝန်ထမ်းအယောက် ၁၀၀ ကျော်နဲ့ နှင်းမှုတ်ကား ၁၆ စီးကို လမ်းရှင်းဖို့ တာဝန်ချထားတယ်လို့ စီစီတီဗီက ပြောပါတယ်။
အတွင်းမွန်ဂိုလီးယားပြည်နယ် လျောင်နင်း၊ ကျိလင်းနဲ့ ဟေလောင်ကျန်း ပြည်နယ်တွေက အဝေးပြေးလမ်း အတော်များများက ယာဉ်ကြောတွေလည်း နှင်းကြောင့် အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။
အဝေးပြေးလမ်းတွေက လမ်းကြေးကောက်တဲ့ ဂိတ်တချို့လည်း ဗုဒ္ဓဟူးနေ့က ပိတ်ထားရပါတယ်။
နိုဝင်ဘာ ၄ ရက်မှာ စရောက်လာတဲ့ အအေးလှိုင်းကြောင့် တရုတ်မြောက်ပိုင်းမှာ အပူချိန် သိသိသာသာ ကျဆင်းခဲ့ပြီး တချို့နေရာတွေမှာတော့ အပူချိန် ၁၆ ဒီဂရီဆဲလ်စီးယပ်စ်ကျော် အထိ ကျဆင်းသွားခဲ့ပါတယ်။
Source/Photo-Reuters