ချင်းပြည်နယ်၊ တီးတိန်မြို့၊ လွယ်ဘွားလ်ရပ်ကွက်၊ အ.ထ.က (၂) လမ်းခွဲအနီး ဖြတ်သန်းသွားလာတဲ့ အိမ်စီးကားပေါ်မှာ မိုင်းမတော်တဆ ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် PDF တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၇ ရက် ညနေ ၆ နာရီကျော်လောက်က SURF အမျိုးအစား အိမ်စီးကား ပေါက်ကွဲမှုဖြစ်ပွားကာ ယာဉ်ပေါ်ပါ PDF တပ်ဖွဲ့ဝင် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ပေါက်ကွဲမှုအနီးက နေအိမ် ၅ လုံးလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "လက်နက်ခဲယမ်းတွေ သယ်ဆောင်ချိန်မှာ ပေါက်ကွဲတာပါ။ အလောင်းတွေကတော့ တစစစီ ဖြစ်သွားတယ်။ ဘယ်ပစ္စည်းက error တက်တာလဲတော့ မသိဘူး။ လူလတ်ပိုင်း အမျိုးသား ၂ ဦး ကျသွားတယ်။ သူတို့ အချက်အလက်တွေကို သက်ဆိုင်ရာအဖွဲ့ကပဲ သတင်းထုတ်ပြန်ပါလိမ့်မယ်" လို့ DVB ကို ပြောပါတယ်။
မှိုင်းပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်တွေက အရပ်သားတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။