ရန်ကုန်ပညာရေးတက္ကသိုလ်နဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ်ကို ကျောင်းသား ကျောင်းသူ ၁၀၀၀ ကျော် ဝင်ခွင့်ရထားတယ်လို့ ပညာရေးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။
၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေ လျှောက်ထားခဲ့တဲ့ တက္ကသိုလ်ဝင်ခွင့်တွေထဲက ပညာရေးတက္ကသိုလ်ဝင်ခွင့်ရသူ စာရင်းတွေကို အခုလ ၇ ရက်နေ့က ကြေညာခဲ့ရာ ရန်ကုန်ပညာရေးတက္ကသိုလ်ကို ၅၁၁ ဦး၊ စစ်ကိုင်းပညာရေးတက္ကသိုလ်ကို ၅၆၄ ဦး ဝင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်ပညာရေးတက္ကသိုလ်ရဲ့ ဝိဇ္ဇာဘာသာတွဲမှာ ၁၅၉ ဦး၊ သိပ္ပံဘာသာတွဲမှာ ၂၀၀ ဦး၊ ဝိပ္ပံဘာသာတွဲမှာ ၁၅၂ ဦး ဝင်ခွင့်ရရှိခဲ့ပြီး စစ်ကိုင်းပညာရေးတက္ကသိုလ်အတွက် ဝိဇ္ဇာဘာသာတွဲမှာ ၁၅၄ ဦး၊ သိပ္ပံဘာသာတွဲအတွက် ၂၆၀ ဦး၊ ဝိပ္ပံဘာသာတွဲအတွက် ၁၅၀ ဦးတို့ အသီးသီး ဝင်ခွင့်ရရှိပါတယ်။
ဒီနှစ်အတွက် ထုတ်ပြန်တဲ့ တက္ကသိုလ်ဝင်ခွင့်ရစာရင်းတွေထဲမှာ ရန်ကုန်တက္ကသိုလ်လည်းပါဝင်ပြီး ရန်ကုန်တက္ကသိုလ်ရဲ့ ဘာသာရပ် ၁၇ အတွက် ကျောင်းသားကျောင်းသူ ၁၅၉ ဦးသာဝင်ခွင့်ရကာ အဲ့ဒီဘာသာရပ်တွေထဲက ဒသနိကဗေဒဘာသာတွဲကို ၁ ဦးသာဝင်ခွင့်ရတယ်လို့သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းပြန်လည်ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ်တွေမှာ စစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့ ကျောင်းသား ကျောင်းသူတွေက ကျောင်းပြန်မတက်ပဲ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။
လက်ရှိ ကျောင်းတက်နေတဲ့ ကျောင်းသား ကျောင်းသူတွေကတော့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူတွေ ဖြစ်ပါတယ်။