စပိန်ထိပ်သီး ဘာစီလိုနာအသင်းဟာ ဒီနေ့ နိုဝင်ဘာ ၇ ရက် ညမှာ ယူကရိန်းချန်ပီယံရှစ်အသင်း ရှက်တာဒိုးနက်ခ်နဲ့ ကစားရမှာဖြစ်ပြီး သုံးရာသီအတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ဇယားထိပ်မှာ ရပ်တည်နိုင်ဖို့ မျှော်မှန်းထားပါတယ်။
ပြီးခဲ့တဲ့လက ရှက်တာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အိမ်ကွင်းမှာ ဘာစီလိုနာက အနိုင်ရရှိထားတာ ဖြစ်ပြီး အုပ်စု H မှာ သုံးပွဲကစား ရမှတ် ၉ မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
ဘာစီလိုနာဟာ ပေါ်တိုအသင်းထက် ၃ မှတ်၊ ရှက်တာအသင်းထက် ၆ မှတ်အကွာမှာ ရှိနေတာလည်း ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ နိုင်ခဲ့ရင် နည်းပြ ဇာဗီရဲ့ ဘာစီလိုနာအသင်းဟာ နောက်တဆင့်တက်ရောက်ဖို့ သေချာသွားမှာဖြစ်ပြီး ၂၀၂၀-၂၁ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်မှာလည်း ဖြစ်ပါတယ်။
Source/Photo-Reuters