သြစတြေးလျနဲ့ တည်ငြိမ်တဲ့ဆက်ဆံရေးဟာ နှစ်နိုင်ငံ အကျိုးစီးပွားအတွက် အပြန်အလှန် ဆောင်ရွက်ပေးပြီး မဟာဗျူဟာမြောက် ဆက်ဆံရေးနဲ့ ရှေ့ဆက်သွားဖို့ အရေးကြီးတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုဝင်ဘာ ၆ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ မြို့တော်က ပြည်သူ့ခန်းမမှာ နှစ်နိုင်ငံစလုံးက ခေါင်းဆောင်တွေ တွေ့ချိန်မှာ ခုလိုပြောလိုက်တာပါ။
နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့်အရာကို တရုတ်က လိုလားတယ်လို့ ရှီက ၂၀၁၆ နောက်ပိုင်း တရုတ်နိုင်ငံ မြို့တော် ပေကျင်းကို ပထမဆုံးလာလည်တဲ့ သြစတြေးလျခေါင်းဆောင် အန်ထော်နီ အယ်လ်ဘာနိစ်ကို ပြောခဲ့ပါတယ်။
တရုတ်နဲ့ သြစတြေးလျကြား ခိုင်မာတဲ့ဆက်ဆံရေးဟာ အနာဂတ်မှာ အကျိုးဖြစ်ထွန်းလိမ့်မယ်လို့ အယ်လ်ဘာနိစ်က တနှစ်အတွင်း ဒုတိယအကြိမ် မျက်နှာချင်းဆိုင်ဆွေးနွေးပွဲမှာ ရှီကို ပြောပါတယ်။
လုံခြုံရေးစိုးရိမ်ချက်တွေကနေ ကိုဗစ်-၁၉ ရဲ့ ဇာစ်မြစ်အထိ ပြဿနာတွေ၊ ဝိုင်၊ မုယောစပါးနဲ့ အမဲသား အပါအဝင် သြစတြေးလျ ထုတ်ကုန်တွေအပေါ် တရုတ်က ပိတ်ပင်မှုတွေကနေ အစပျိုးခဲ့တဲ့ မကြာသေးမီနှစ်တွေအတွင်း အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် ကုန်သွယ်ဘက်နိုင်ငံတွေကြား ဆက်ဆံရေးကို ပြန်ပြင်ဖို့ အယ်လ်ဘာနိစ်က သူ့ခရီးစဉ်အတွင်း ကြိုးပမ်းနေပါတယ်။
Source/Photo-Reuters