ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်မှာ စတင်ကျင်းပခဲ့တဲ့ တောင်အာဖရိက ဖက်ရှင်ရှိုးကတော့ ငယ် ရွယ်သူတွေရဲ့ ဆန်းသစ်ဖန်တီးနိုင်မှု နယ်နိမိတ်မျဉ်းတွေကို ကျော်လွန်ခဲ့တဲ့ အရောင်အသွေးစုံတဲ့ ရှိုးပွဲတခု ဖြစ်ခဲ့ပါတယ်။
ဆွေတိုမြို့မှာ ၁၂ ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ ဒီရှိုးပွဲမှာတော့ တောင်အာဖရိက အငွေ့ အသက်လွှမ်းတဲ့ ဆန်းပြားဝတ်စုံဒီဇိုင်းလက်ရာတွေကို ရှုစားကြရမှာဖြစ်ပြီး ဝင်ကြေး အနေနဲ့ တောင်အာဖရိကသုံးငွေကြေးရန့်ဒ် ၁၀၀ သတ်မှတ်ထားခဲ့တာပါ။
Soweto Fashion Week အနေနဲ့ ဖက်ရှင်ရှိုးပွဲတွေကိုတော့ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က စတင်ကာ ကျင်းပလာခဲ့တာဖြစ်ပြီးတော့ လတ်တလောမှာတော့ တောင်အာဖရိကရဲ့ အကြီးဆုံး ဖက်ရှင်ရှိုးပွဲတွေထဲက တခု ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ဒီရှိုးပွဲကနေ အချိန် ၁၂ နှစ်ကျော်ကာလတွေအတွင်း လျှောက်လမ်းပေါ်က မော်ဒယ်လ် ၁၀၀၀ ကျော်နဲ့ ဒီဇိုင်နာ ၁၂၀ ကျော်ထိ ပံ့ပိုးနိုင်ခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
Source/Photo - Reuters