BIGBANG အဖွဲ့ဝင်ဟောင်း G-Dragon က တရားမဝင် မူးယစ်ဆေးဝါးသုံးစွဲမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၆ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ မေးခွန်းထုတ်မှုကို လာရောက်ရင်ဆိုင်ခဲ့ပါတယ်။
ဒါဟာ လူသိများ ထင်ရှားတဲ့ မူးယစ်ဆေးဝါးအမှုတွေမှာ တောင်ကိုရီးယား အနုပညာရှင်တွေရဲ့ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆုံးဖြစ်ရပ်တခုပါ။
တဖက်မှာ ရှေးရိုးစွဲဝါဒီဖြစ်တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးရဲ့ အစိုးရကလည်း တရားမဝင် မူးယစ်ဆေးဝါးတွေကို နှိမ်နှင်းနေတာ ဖြစ်ပါတယ်။
ဒါကြောင့် ကွမ်ဂျီယောင်းလို့ အမည်ရတဲ့ အဆိုတော်နဲ့ ရက်ပ်ပါဖြစ်သူကို အခုလို စုံစမ်းစစ်ဆေးနေတာ ဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။
အသက် ၃၅ နှစ်အရွယ် ကွမ်ဟာ အနက်ရောင်ဝတ်စုံနဲ့အတူ အင်ချွန်းမြို့မှာရှိတဲ့ ရဲစခန်းတခုထဲ မဝင်ခင်မှာ မီဒီယာတွေအတွက် ခဏတာ ရပ်ပေးခဲ့ပါတယ်။ အဲ့ဒီနေရာမှာပဲ အော်စကာဆုရ “ပါရာဆိုက်စ်” ရုပ်ရှင်ရဲ့ သရုပ်ဆောင် လီဆန်းချန်ကလည်း တရားမဝင် မူးယစ်ဆေးအသုံးပြုမှု သီးခြားစွပ်စွဲချက်တွေအရ စစ်ဆေးခံခဲ့ရပါတယ်။
G-Dragon ကတော့ ဘာအမှားမှ ကျူးလွန်ထားခြင်း မရှိဘူးလို့ ငြင်းဆန်ခဲ့သလို သံသယအားလုံးကို ရှင်းလင်းနိုင်ဖို့အတွက် ရောက်လာခဲ့တာဖြစ်တယ်လို့လည်း မှတ်ချက်ပေးပါတယ်။
နိုဝင်ဘာ ၄ ရက်အတွင်း လီ အနေနဲ့ ရဲစခန်းက ထွက်လာချိန်မှာ မူးယစ်ဆေး အသုံးပြုမှုဆိုင်ရာ မေးခွန်းတွေအပေါ် အဖြေပေးဖို့အတွက် ငြင်းဆိုခဲ့ပါတယ်။
လီက ရဲတပ်ဖွဲ့ရဲ့ မေးခွန်းအားလုံးကို သူသိတဲ့အတိုင်း ဖြေဆိုခဲ့တယ်လို့သာ ပြန်ပြောပြပါတယ်။
Source/Photo-Reuters