Home
မြန်မာသတင်း
ရန်ကုန်လေဆိပ်တွင် တရားမဝင်သယ်လာသည့် iPhone၊ ဒေါ်လာနှင့် ရွှေများ ဖမ်းမိ
DVB
·
November 6, 2023
iPhone_06112023

ရန်ကုန်လေဆိပ်မှာ တရားမဝင် သယ်ဆောင်လာတဲ့ iPhone၊ ဒေါ်လာနဲ့ ရွှေ စုစုပေါင်း ကျပ် ၄ ဒသမ ၂ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၄ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်(သွင်းကုန်) မှာ ခရီးသည် ၃ ဦးရဲ့ ဝန်စည်တွေအတွင်းက တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိတဲ့ iPhone 15 Pro Max ၂၅၉ လုံး၊ ရွှေတုံး ၁၆ တုံး (ခန့်မှန်းတန်ဖိုး ၃ ဒသမ ၉ ဘီလီလျံကျော်) နဲ့ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ် ၄ ဒသမ ၂ ဘီလီယံကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဖမ်းဆီးရမိမှု အပါအဝင် နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်အထိ နှစ်ရက်အတွင်း တရားမဝင် လူသုံးကုန်ပစ္စည်းတွေ၊ ဆေးဝါးတွေ၊ ယာဉ်အပိုပစ္စည်းတွေနဲ့ မော်တော်ယာဉ်‌တွေ ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ ၁၂ မှုထိရှိခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ် ၄ ဒသမ ၃၆ ဘီလီယံ ကျော်ဖိုး ဖမ်းဆီးရရှိခဲ့တယ်လို့လည်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024