ကလေးတယောက်နဲ့အတူ လေဆိပ်ရဲ့ ကွင်းထဲကို အရံအတားတွေ ဖြတ်ကျော် မောင်းဝင်လာတဲ့ အမျိုးသား တယောက်ရဲ့ ကိစ္စကိုဖြေရှင်းဖို့ အခင်းဖြစ်ရာနေရာကို ရဲတွေ အကြီးအကျယ် ရောက်လာ အပြီး စနေညနေက ပျံတက်မယ့် လေယာဉ်တွေရော ဆင်းသက်မယ့် လေယာဉ်တွေကိုပါ အားလုံး အတွက် လေဆိပ်ကို ပိတ်ခဲ့ရပါတယ်။
အသက် ၃၅ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၄ နှစ်အရွယ် မိန်းကလေးတို့ပါတဲ့ ကားကိုတော့ လေယာဉ်တစီးရဲ့ အောက်မှာ ရပ်ထားတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။
စစ်ဆင်ရေး ဆက်လုပ်နေတုန်းပဲ၊ ကားထဲက လူနဲ့ ကျွန်တော်တို့ရဲ့ ညှိနှိုင်းရေးမှူးတွေ ဆက်သွယ် နေတယ်လို့ ရဲက လူမှုကွန်ရက်မီဒီယာ X မှာ တနင်္ဂနွေနေ့က ပြောပါတယ်။
ရဲတွေဟာ တူရကီ စကားပြန်ကနေ တဆင့် ဆက်သွယ်နေတာလို့ ပြောခွင့်ရက ဆက်ပြောပါတယ်။
ကလေးရဲ့ မိခင်က သူနဲ့ ကလေးရဲ့ ဖခင်တို့ အဆက်အသွယ် ရပြီလို့ ပြောပါတယ်။ အမျိုးသားက လက်နက်ပါပြီး လေထဲကို ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အစောပိုင်း ပြောဆိုချက်တွေကို ရဲက အတည်မပြု ပါဘူး။
တနင်္ဂနွေနေ့မှာ လေကြောင်းခရီးစဉ် ၂၈၆ ခုနဲ့ ခရီးသည် ၃၄၅၀၀ တို့ ဟမ်းဘတ်လေဆိပ်ကနေ ခရီးသွားဖို့ စီစဉ်ထားတာလို့ လေဆိပ် အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
Source/Photo-Reuters