နီပေါနိုင်ငံ ဝေးလံခေါင်သီတဲ့ တောင်ကုန်းဒေသတခုမှာ သောကြာညက လှုတ်ခတ်တဲ့ ငလျင်ကြောင့် လူ ၁၅၇ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက နိုဝင်ဘာ ၄ ရက်မှာ ပြောပါတယ်။
ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်ကြောင့် နီပေါနိုင်ငံ အနောက်ဘက် ခရိုင်တွေတစ်လျှောက်က ရပ်ရွာတွေမှာ ရွှံ့အိမ်တွေ ပြားပြားဝပ် ပြန့်ကျဲသွားခဲ့တာပါ။
“အိမ်တွေ ပြိုကျတဲ့အခါ အသံက အရမ်းကြီးတယ်။ ပေါက်ကွဲမှုကြီးတစ်ခုလို ခံစားရတယ်” လို့ ငလျင်ဒဏ် အဆိုးရွား ဆုံးခံရတဲ့ ဂျာဂျာကော့ ခရိုင်က အသက် ၆၅ နှစ် အရွယ် ရှီဗာ ပရာဆဒ် ရှာမာက သူ့နေအိမ် အကြွင်းအကျန်တွေ အပြင်ဘက်ကနေ AFP သတင်းဌာနကို ပြောပါတယ်။
ပြိုကျနေတဲ့ အိမ်တွေ အဆောက်အအုံ အပျက်အစီးတွေထဲကနေ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဖို့ တခြားလူတွေက အသည်းအသန် တူးဖော် နေကြတာပါ။
ငလျင်ဟာ ဗဟိုချက်ကနေ မိုင် ၃၁၀ နီးပါးအကွာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီအထိ လှုပ်ခတ်သွားခဲ့ပါတယ်။
ငလျင်ကြောင့် သေဆုံးသူ ဦးရေဟာ ဂျာဂျာကော့တ်ခရိုင်မှာ ၁၅၇ ဦးထိ ရှိပြီး ရုခမ်းမြို့ မှာ ၅၂ ဦး ရှိလာပါပြီလို့ နီပေါအမျိုးသား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူဘာ ကာသာယတ်က AFP ကို ပြောပါတယ်။
ငလျင်ကြောင့် နောက်ထပ် ၁၉၉ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
သေဆုံးသူဦးရေ သိသိသာသာ တိုးလာစရာ မရှိတော့ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ နာရာယန် ပရာဆဒ် ဘာတာရိုင်က ပြောခဲ့ပါတယ်။
Source/Photo-Reuters