ဂီနီနိုင်ငံမှာ စစ်အာဏာရှင်ဟောင်း မူဆာ ဒါဒိစ်ကာမာဟာက တခြားအရာရှိ ၃ ဦးနဲ့အတူ အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားလို့ ဂီနီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ နိုဝင်ဘာ ၄ ရက်က ပိုက်စိပ်တိုက် ရှာနေတယ်လို့ တရားရေးဝန်ကြီးက ပြောပါတယ်။
မြို့တော် ကိုနာကရီရဲ့ လမ်းတွေပေါ်မှာ စစ်သားတွေက သံချပ်ကာယာဉ်တွေနဲ့ ကင်းလှည့်နေပြီး လက်နက်ကိုင်အရာရှိတွေက သူတို့ကားတွေနဲ့ လမ်းတွေကို ယာယီပိတ်ဆို့ထားပြီး ဖြတ်သွားတဲ့ ကားတွေကို ရပ်တန့်ရှာဖွေနေပါတယ်။
ကာမာဟာကို ချုပ်နှောင်ထားတဲ့ ကာမာရာထောင်နဲ့ တခြားလူတွေကို ချုပ်နှောင်ထားတဲ့ စန်ထရယ်ဟောက်စ် ထောင်တွေရှိရာ ကာလူအွန်မ် အုပ်ချုပ်ရေးခရိုင် ထဲကနေ သေနတ်သံကို အစောပိုင်းမှာ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၀၉ ခုနှစ်က ဒီမိုကရေစီရေး တောင်းဆို ချီတက်ပွဲအတွင်း လူအယောက် ၁၅၀ သေဆုံးမှု၊ ဂီနီလုံခြုံရေး တပ်ဖွဲ့ဝင်တွေက အားကစားရုံထဲမှာ အစုလိုက်အပြုံလိုက် လူသတ်မုဒိမ်းကျင့်ခဲ့တဲ့ ဖြစ်ရပ်တွေမှာ စီစဉ် ပါဝင်မှု စွဲချက်တွေအတွက် မနှစ်က ကာမာရာနဲ့ တခြားလူတွေ ရုံးတင်စစ်ဆေးခံ နေရပါတယ်။
Source/Photo-Reuters