Home
နိုင်ငံတကာ
ဂျော်ဒန်ဆွေးနွေးပွဲ၌ ဘလင်ကန်အနေဖြင့်  အပစ်ရပ်တောင်းဆိုချက်များကို ‌ဆွေးနွေးမည်
DVB
·
November 5, 2023

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ နိုဝင်ဘာ ၄ ရက်မှာ ဂျော်ဒန်နိုင်ငံမှာ အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံချိန်မှာ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်တွေကို ကြားနာဆွေးနွေးမှာဖြစ်ကြောင်း ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ 

စနေနေ့အစောပိုင်းက အမ်မန်မြို့တော်မှာ ဘလင်ကန်နဲ့ တွေ့ဆုံချိန်အတွင်း လက်ဘနွန်ရဲ့ အိမ်စောင့်ဝန်ကြီးချုပ် နာဂျစ်ဘ် မီကာတီနဲ့ ကာတာဝန်ကြီးချုပ်လည်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမဒ် ဘင် အဗ္ဗဒူလ်ရာမန် အလ်ထာနီတို့က ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့ အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ 

ဆော်ဒီ၊ ကာတာ၊ အာရပ်ကမ္ဘာ၊ အီဂျစ်နဲ့ ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီးတွေအပြင် ပါလက်စတိုင်း ကိုယ်စားလှယ်တွေဟာ ချက်ချင်းအပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ တွေ ပေးအပ်ခြင်းနဲ့ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်ရှိတဲ့ ယိုယွင်း ပျက်စီးမှု တွေကို အဆုံးသတ်ဖို့ နည်းလမ်းတွေကို တောင်းဆိုထားတဲ့ အာရပ်ရဲ့ ရပ်တည်ချက်ကို အလေးပေးကြဖို့ မျှော်လင့်နေကြကြောင်း ဝန်ကြီးဌာနက နိုဝင်ဘာ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ ပါလက်စတိုင်းနယ်မြေထဲကို အကူအညီ အထောက်အပံ့တွေ ပေးနိုင်ဖို့ ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပွဲကို ခဏလောက် ရပ်တန့်ပေးဖို့ အစ္စရေးကို တိုက်တွန်းခဲ့ပြီးနောက် နိုဝင်ဘာ ၃ ရက်မှာ ဂျော်ဒန်နိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ 

Source/Photo-Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024