အမေရိကန် အမျိုးသားအာကာသသိပ္ပံ NASA က ကမ္ဘာမြေပေါ်ကို ယူလာတဲ့ ထူးခြားသော ဂြိုဟ်သိမ် နမူနာကို အမေရိကန်နိုင်ငံ မြို့တော် ၀ါရှင်တန်ဒီစီက သဘာဝသမိုင်းပြတိုက်မှာ နိုဝင်ဘာ ၃ ရက်က ခင်းကျင်းပြသပြီးတဲ့နောက် လူအများ အနီးကပ်ကြည့်ရှုခွင့်ရတော့မှာပါ။
စက်တင်ဘာလနှောင်းပိုင်းမှာ အိုစီးရစ် အာရ်အိက်စ်ခ် အာကာသယာဉ်ကနေ စုဆောင်းရရှိထားတဲ့ ဂြိုလ်သိမ်ရဲ့ မြေသားနမူနာ ပါတဲ့အာကာသယာဉ် အခန်းငယ်ဟာ ကမ္ဘာမြေပေါ် ပြန်ရောက် လာပါတယ်။
ကမ္ဘာမြေအနားက ဘန်နုဂြိုလ်သိမ်ကနေ စုဆောင်းရရှိတဲ့ မြေသား နမူနာထဲမှာ ရေတွေပါတဲ့ ရွှံ့စေးသတ္တု ဓာတ်တွေ အပါအဝင် ကာဗွန်ကြွယ်ဝတဲ့ မြေဆီလွှာကို တွေ့ခဲ့ပါတယ်။
ဒီပါဝင် ပစ္စည်းတွေဟာ သက်ရှိတွေ ဖွံ့ဖြိုး တိုးတက်ဖို့ အရေးကြီးတယ်လို့ နာဆာက ပြောခဲ့ပါတယ်။
ခင်းကျင်းပြသ ထားတာတွေထဲမှာ ဘန်နုဂြိုလ်သိမ်က ပစ္စည်း နည်းနည်းအပြင် အိုစီးရစ် အာရ်အိက်စ်ခ် အာကာသယာဉ်ရဲ့ ပုံစံငယ်နဲ့ အာကာသယာဉ်ကို သယ်ဆာင်ခဲ့တဲ့ ဒုံးပျံတို့ ပါဝင်ပါတယ်။
သုတေသီတွေ မျိုးဆက်သစ်တွေက ဂြိုဟ်သိမ်နမူနာတွေကို လာကြည့်နိုင်ပြီး ကမ္ဘာပေါ်က သက်ရှိတွေ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ထိုးထွင်းသိမြင်မှု တွေကို ပံ့ပိုးပေးလိမ့်မယ်လို့ ပြတိုက်ထဲက ဥက္ကာခဲတွေကို စီမံခန့်ခွဲသူ တင်မ် မက်ကွိုင်က ပြောပါတယ်။
Source/Photo-Reuters