စပါးအသင်းရဲ့တိုးတက်လာမှု အပေါ် ပျော်ရွှင်ကျေနပ်မိကြောင်း အသင်းဟောင်းနည်းပြ ပိုချက်တီနိုက ပြောသွားပါတယ်။
ပိုချက်တီနိုဟာ စပါးအသင်းကို ၅ နှစ်ကြာတာဝန်ယူခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ အသင်းကနေ ထုတ်ပယ်ခံခဲ့ရတာပါ။
လက်ရှိ ပိုချက်တီနိုကိုင်တွယ်နေတဲ့ ချဲလ်ဆီးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ စပါးအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်သွားရမှာဖြစ်ပြီး အဲဒီပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ အသင်းဟောင်းရဲ့ အခြေအနေကို ပိုချက်တီနိုက သုံးသပ်ခဲ့တာပါ။
စပါးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကိုလည်း စိန်ခေါ်နိုင်သူဖြစ်ပြီး ကောင်းမွန်တဲ့ ကစားသမားတွေလည်းရှိတဲ့ အသင်းဖြစ်ကြောင်း ပိုချက်တီနိုက ပြောပါတယ်။
ဒါ့အပြင် ချဲလ်ဆီးအသင်းက စပါးအသင်းရဲ့ အခြေအနေနဲ့ ကွဲပြားခြားနားပြီး အနာဂတ်အတွက် လုပ်ဆောင်နေတာဖြစ်တာကြောင့် လတ်တလောအခြေအနေမှာ အနည်းငယ် ရုန်းကန်ရတာဖြစ်ကြောင်း ပိုချက်တီနိုက ပြောသွားပါတယ်။
Photo-Reuters