အမ်ဘာပေကို ခေါ်ယူနိုင်မည့် အခွင့်အရေးရှိနေဆဲဟု လီဗာပူးအသင်း ယုံကြည်
DVB
·
November 4, 2023
လီဗာပူးအသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ အခွင့်အရေးရှိနေဆဲဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
လီဗာပူးအသင်းဟာ ၂၀၁၇ ခုနှစ်ကတည်းက အမ်ဘာပေကို ခေါ်ယူခွင့်ရဖို့ ကြိုးပမ်းခဲ့ပေမဲ့ အဆင်မပြေဖြစ်ခဲ့တာပါ။
အမ်ဘာပေဟာ အခုနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဒီအခြေအနေဟာ လီဗာပူးအတွက် အခွင့်အရေးတစ်ခုဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
အမ်ဘာပေကို ဆော်ဒီကလပ် အယ်လ်ဟီလယ်က ပေါင် ၂၅၇ သန်းအထိ ပေးချေဖို့ ကမ်းလှမ်းခဲ့ဖူးသလို ရီးရဲလ်မက်ဒရစ်အသင်းကလည်း ကာလရှည် စိတ်ဝင်စားနေတာဖြစ်ပါတယ်။
Photo-Reuters