ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ နိုင်ငံတကာပွဲစဉ်အတွင်း သူရဲ့ ဘယ်ဘက်ဒူးခေါင်းမှာ အရွတ်နဲ့ အရိုးနု စုတ်ပြဲဒဏ်ရာ ရရှိခဲ့ပြီးနောက် နိုဝင်ဘာလ ၂ ရက်က ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ် တုန်းက ဘရားဇီးလ်နဲ့ ဥရုဂွေးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ ဆိုးဆိုးရွားရွား ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
နေမာရဲ့ ဒူးဒဏ်ရာနဲ့ ပတ်သက်ပြီး ဓာတ်မှန်ရိုက် (MRI) စစ်ဆေးမှုပြုလုပ်ခဲ့ရာ လာမယ့် ၂၀၂၄ နှစ်လယ်ပိုင်းအထိ အနားယူရနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဆိုရှယ် မီဒီယာပေါ်မှာတော့ နေမာက သူရဲ့ ကလေး နှစ်ယောက်နဲ့အတူ ဓာတ်ပုံတင်ကာ "အားလုံးအဆင်ပြေသွားမှာပါ" ဆိုပြီး ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက နေမာဟာ ပီအက်စ်ဂျီ အသင်းကနေ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၉၀ နဲ့အတူ ရောက်ရှိလာခဲ့တာပါ။
အခုလို ဒဏ်ရာပြဿနာတွေကြောင့် ဆက်တိုက်ရုန်းကန်းနေရတဲ့ နေမာအနေနဲ့ ဆော်ဒီကလပ် အယ်လ်ဟီလယ် (Al Hilal) အသင်းအတွက် ၅ ပွဲသာ ပါဝင်ကစားထားပါတယ်။
Source/Photo-Reuters