ဗြိတိန်နိုင်ငံက လက်ခံကျင်းပခဲ့တဲ့ အသိဉာဏ်ရည်တု AI လုံခြုံရေးညီလာခံကို လက်ရှိဝန်ကြီးချုပ် ရီရှီ ဆူးနတ်ခ်နဲ့အတူ ဘီလီယံနာလုပ်ငန်းရှင် အီလွန်မတ်စ်ခ်တို့ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
၂ ရက်တာ ကျင်းပခဲ့တဲ့ ဒီအစည်းအဝေးမှာ မတ်စ်ခ်နဲ့ ဆူးနတ်ခ်တို့က တရုတ်နိုင်ငံ အပါအဝင် လူသတ်စက်ရုပ်တွေနဲ့ ဘဝအဓိပ္ပာယ်တို့ကို အမြင်ဖလှယ်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် AI လုံခြုံရေးအတွက် ဆွေးနွေးမှုတွေမှာ တရုတ်နိုင်ငံရဲ့ ပါဝင်လာမှုကိုလည်း ကြိုဆိုတယ်လို့ မတ်စ်ခ်က မှတ်ချက်ပေးပါတယ်။
“The Terminator” ရုပ်ရှင်နဲ့အတူ တခြား စိတ်ကူးယဉ်သိပ္ပံဇာတ်ကားတွေအပေါ် ကိုးကားပြီး စက်ရုပ်တွေ အထိန်းအချုပ်မဲ့ကာ အန္တရာယ်ရှိလာချိန်မှာ ဟန့်တားနိုင်ဖို့အတွက် ပြင်ပအပိတ်ခလုတ်တွေ (Off Switches) လိုအပ်တယ်ဆိုတဲ့ အချက်ကို ဆူးနတ်ခ်နဲ့ မတ်စ်ခ် တို့က သဘောတူညီခဲ့ကြပါတယ်။
မတ်စ်ခ်ကတော့ AI ဟာ “သမိုင်းတလျှောက် အကြီးမားဆုံးသော အဖျက်စွမ်းအား” ဖြစ်နိုင်တယ်လို့ ဆိုတဲ့အပြင် နည်းပညာအရပါ “ဘယ်အရာမဆို ဖန်းတီးနိုင်စွမ်း” ရှိလာလိမ့်မယ်ဆိုပြီး ဝန်ကြီးချုပ်ကို ဖြေဆိုပါတယ်။
ဒီနေ့ခေတ်မှာ အားလုံးသိထားကြတဲ့ အလုပ်အကိုင်တွေကလည်း အတိတ်ထဲကျန်ရစ်ခဲ့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အသိဉာဏ်ရည်တု လုံခြုံရေးအတွက် ပထမဆုံး ရည်ရွယ်ကျင်းပတဲ့ ထိပ်သီးညီလာခံမှာ ဆူးနတ်ခ်က အင်တာဗျူးသူအဖြစ် တာဝန်ယူပေးခဲ့ပြီး မတ်စ်ခ်ကတော့ အထူးဧည့်သည်တော်အဖြစ် ပါဝင်ခဲ့တာပါ။
Source/Photo-Reuters