အင်တာမီလန်နဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်သင့်ရှိကြောင်း တိုက်စစ်မှူး မာတီနက်ဇ်ရဲ့ အေးဂျင့် ဖြစ်သူက အတည်ပြုသွားပါတယ်။
အင်တာမီလန်အသင်းဟာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး မာတီနက်ဇ်နဲ့ စာချုပ်သက်တမ်း သုံးနှစ်ကျန်ရှိနေသေးပေမဲ့ သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတာပါ။
အာဂျင်တီးနားတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၁၈ လ ကာလအတွင်းမှာ အီတလီစူပါဖလားနဲ့ ရှုံးထွက်ဖလားတွေအပြင် လိဂ်ချန်ပီယံဆုလည်း ရရှိခဲ့ပါသေးတယ်။
ဒါ့အပြင် အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ တက်ရောက်အောင်လည်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။
မာတီနက်ဇ် အနေနဲ့ အင်တာဘက်က ကမ်းလှမ်းချက်ကို လက်ခံပြီး စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးသွားဖို့ အဆင်သင့်ရှိကြောင်း အေးဂျင့်ဖြစ်သူက အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။
Photo - Reuters