ရုရှားနိုင်ငံ ကမ်ချတ်ကာကျွန်းဆွယ်ရှိ ကလူချီယက်ဗ်စကာယာဆော့ပ်ကာမီးတောင်ကနေ ပြာတွေ မှုတ်ထုတ်နေလို့ ပင်လယ်ပြင်အထက် ၆ မိုင်ကျော်လောက်နီးပါးအထိ ပြာတွေ လွင့်စင်သွားခဲ့တယ်လို့ မီးတောင်ပညာရှင်တွေက အောက်တိုဘာ ၃၁ ရက်မှာ ပြောပါတယ်။
မီးခိုးတန်းဟာ ကျွန်းဆွယ်အတွင်း အကြီးဆုံးနဲ့ အလှုပ်ရှားဆုံး မီးတောင်ရဲ့ အရှေ့တောင်ဘက် ၂၂၆ မိုင်ကျော်လောက်အထိ ရှည်လျားခဲ့ပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့် လေကြောင်းသွားလာရေးအတွက် အန္တရာယ်ရှိနိုင်တယ်လို့ မီးတောင်ပညာရှင်တွေက သတိပေးထားပါတယ်။
အခြေချနေထိုင်ရာ နေရာအများအပြားမှာ ပြာနည်းနည်းကျခဲ့ပေမဲ့ ဒေသခံပြည်သူတွေရဲ့ ပုံမှန်ဘဝအပေါ် အထိအခိုက်မရှိခဲ့ဘူးလို့ ဒေသန္တရအရေးပေါ်ဌာနက အစီရင်ခံပါတယ်။
Source/Photo/Video - Reuters